Skip to content

ပင်လယ်ထဲက ပလတ်စတစ် အမှိုက်ရှင်းမယ့် နည်းပညာသစ်

ပင်လယ်ထဲက ပလတ်စတစ် အမှိုက်ရှင်းမယ့် နည်းပညာသစ်

ပညာရှင် တွေရဲ့ ခန့်မှန်းချက် အရ ကမ္ဘာ့ သမုဒ္ဒရာ တွေထဲ မှာ ပလတ်စတစ် အမှိုက် စပေါင်း ၅ ထရီလီယံ လောက် ရှိနေတယ်လို့ ဆိုပါတယ်။ ၁ ထရီ လီယံမှာ ၁,၀၀၀ ဘီလံယံ ရှိပြီး ၁ ဘီလီယံ မှာ သန်း ၁,၀၀၀ ရှိပါတယ်။ ၅ ထရီလီယံကို ဂဏန်းနဲ့ ရေးပြရရင် ၅,၀၀၀,၀၀၀,၀၀၀,၀၀၀ ရှိပါတယ်။ ဒါဟာ နဲနဲ နောနော ပမာဏ မဟုတ်ပါဘူး။ ဒီ ပမာဏ ကလဲ တနေ့တခြား ပိုပိုပြီးသာ များလို့ လာနေပါတယ်။

ဒါဆို ဒီလောက်များတဲ့ ပလပ်စတစ် အမှိုက်တွေ ဘယ်က ရောက်လာ တာလဲဗျာ။

ပင်လယ်ထဲ ပေါလော မြောလာတဲ့ ပလတ်စတစ် အမှိုက်တွေ

လူတွေ ဆီကပေါ့ဗျာ။ ပလပ် စတစ် အမှိုက်တွေကို စနစ်တကျ စည်းကမ်းတကျ မစွန့်ပစ်ပဲ စည်းမဲ့ ကမ်းမဲ့ စွန့်ပစ်လိုက်ကြတယ်။ ဒီ စီးကမ်းမရှိ စွန့်ပစ်တဲ့ အမှိုက်တွေက မြစ်ချောင်တွေ ထဲကတဆင့် နောက်ဆုံးမှာ ပင်လယ် ကြီးထဲကို ရောက်ရှိလို့ သွားပါတယ်။

ခန့်မှန်း ချက်တွေ အရဆို ကမ္ဘာ့ ပင်လယ် သမုဒ္ဒရာ တွေထဲက ပလပ်စတစ် အမှိုက် စုစုပေါင်းရဲ့ ၈၀% ဟာ ကမ္ဘာပေါ်က မြစ်ကြီး ၁,၀၀၀ ခန့်ဆီကနေ တဆင့် လူတွေ စွန့်ပစ်လိုက်တဲ့ အမှိုက်တွေလို့ ဆိုပါတယ်။ ဒီ အမှိုက်တွေဟာ ကမ္ဘာ့ ရေစီးကြောင်းတွေအတိုင်း မျောပါသွားပြီး သမုဒ္ဒရာ ထဲက နေရာဒေသ ၅ ခုမှာ သွားပြီး စုပါတယ်။ အဲ့သည် အမှိုက်တွေ သွားစုတဲ့ နေရာ ဒေသတွေကို သမုဒ္ဒရာ အမှိုက်ပုံ ကြီးများ (ocean garbage patches) လို့ ခေါ်ပါတယ်။

သမုဒ္ဒရာ ထဲက ပလတ်စတစ် အမှိုက်တွေ သွားစုနေတဲ့ နေရာပြ မြေပုံ (Credit: The Ocean Cleanup)

ဒီ သမုဒ္ဒရာ အမှိုက်ပုံကြီး ၅ ခု ထဲက အကြီး ဆုံး အမှိုက်ပုံ ကြီးကတော့ အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ်နဲ့ ဟာဝိုင်ရီ ကျွန်းကြား အလယ်လောက် ပစိဖိတ် သမုဒ္ဒရာ ထဲမှာ ရှိတဲ့ မဟာ ပစိဖိတ် အမှိုက်ပုံကြီး (Great Pacific Garbage Patch) ကြီးပဲ ဖြစ်ပါတယ်။

ပင်လယ်ထဲက ပလတ်စတစ် အိတ်တွေနဲ့ ပလပ်စတစ် ပစ္စည်းတွေကြောင့် နှစ်စဉ် ရေသတ္တဝါ မြောက်များစွာ အသက်ဆုံးရှုံး ကြရပါတယ်။ ဒီ ပြဿနာကို ဖြေရှင်းဖို့ ပင်လယ်ထဲက အမှိုက်တွေကို အလွယ်တကူနဲ့ သိမ်းပေးနိုင်မယ့် နည်းပညာ သစ်ကို အမေရိကန် အခြေစိုက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး NGO တခုက တီထွင် လိုက်ပါတယ်။ ဒီ ကိရိယာကို ပင်လယ်ထဲမှာလဲ လက်တွေ့ စမ်းသပ် အောင်မြင်ပြီလို့ သိရပါတယ်။

System 002 ပင်လယ်ပြင် အမှိုက်သိမ်း စနစ်

ပင်လယ်ထဲမှာ ပလပ်စတစ် အမှုက် ကောက်ရတာက အပြောလွယ်သလောက် လက်တွေ့ မလွယ်ပါဘူး။ ပင်လယ်ထဲက ပလပ်စတစ် အမှိုက်တွေက မိုင်ပေါင်း ရာပေါင် များစွားမှာ ပြန့်ကျဲပြီး နေတာပါ။ ဒီတော့ တအိပ်ချင်း ကောက်ဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

အခု ပင်လယ်ထဲ အမှိုက်ကောက်မယ့် နည်းစနစ်ကို  The Ocean Clean Up ဆိုတဲ့ NGO က တီထွင်ပြီး အောင်အောင် မြင်မြင် စမ်းသပ် နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီစနစ်မှာ ပထမဆုံးက သမုဒ္ဒရာ ရေစီးကြောင်း တွေအတိုင် မြောလာနေတဲ့ ပလပ်စတစ် စတွေကို တစ်နေရာ ထဲမှာ စုပေးဖို့ အတွက် ရေပေါ်မှာ ပေါလော ပေါ်နေတဲ့ ပိုက် အတားအစီး တစ်ခုနဲ့ စုပေးပါတယ်။ ဂ ငယ်ပုံ ရှိတဲ့ ဒီ အမှိုက်စု ပိုက်ရဲ့ လက်တံ နှစ်ဖက်ကို မော်တော်နဲ့ ဖြည်းဖြည်းချင်း ဆွဲယူပြီး ပိုက်ရဲ့ ပါးစပ်ကိုတော့ ရေစီးကြောင်း ဖက်ကို ဟ ပြီး ဖွင့်ထား ပေးပါတယ်။

အမှိုက် တွေကို ဂငယ် ပုံ ပိုက်နဲ့ စုပေးပါတယ်

ရေစီးကြောင်း နဲ့ အတူ စီးလာနေတဲ့ ပလတ်စတစ် အမှိုက်တွေဟာ ဒီ ဟထားတဲ့ ပိုက်အတိုင်း စီးသွားပြီး ဂငယ်ကွေ့ရဲ့ ထိပ်မှာ သွားစုပါတယ်။ အဲ့သည် ဂငယ်ကွေ့ ထိပ်မှာ အမှိုက်တွေ စုဖို့ ပိုက်တစ်ခု တပ်ထားပါတယ်။ ဒီ ပိုက်ရဲ့ တည်ဆောက်ပုံက ရေသတ္တဝါ တွေ အလွယ်တကူ ကူးခတ် သွားနိုင်ပြီး အမှိုက်တွေကိုပဲ ပိတ်ဖမ်းထားအောင် ဒီဇိုင်း ပြုလုပ် ထားတာပါ။

အမှိုက်တွေ ဂ ငယ် ထိပ်မှာ သွားစုပြီး အမှိုက်သိမ်း အိတ်ထဲ ဝင်သွားပါတယ်။

ဒီ အမှိုက်ဖမ်းပိုက် ပြည့်သွားတဲ့ အခါ ဒီ ပိုက်ကို ဂငယ်ပုံ အမှိုက်စု ပိုက်ကနေ ဖြုတ်ပြီး အမှိုက် သင်္ဘောပေါ်မှာ အမှိုက်တွေ သွန်ချလိုက်ပါတယ်။ ပြီးတဲ့နောက် အမှိုက်ဖမ်း ပိုက်ကို အမှီုက်စု ဂငယ်လက်တံနဲ့ ပြန်ပြီး ချိတ်ဆက်ပြီး နောက်ထပ်တဖန် အသုံးပြုပါတယ်။

အမှိုက်အိတ် ပြည့်သွားရင် ဖြုတ်ပြီး အမှိုက်သိမ်း သင်္ဘော ပေါ်ကို ပြောင်းရွှေ့ပါတယ်။

စုဆောင်း ရရှိတဲ့ ပလတ်စတစ် အမှိုက်တွေကို ပြန်ပြီး recycle ပြန်လုပ်မယ်လို့ ဆိုပါတယ်။ ဒီ recycle လုပ်ရာက ရရှိတဲ့ အကျိုးအမြတ် တွေနဲ့ ဒီ ပင်လယ်ပြင် အမှိုက်ရှင်းမယ့် လုပ်ငန်းစဉ် အတွက် လိုအပ်တဲ့ ကုန်ကျစားရိတ်ကို ရှာဖွမယ်လို့ သိရပါတယ်။

ဒီ အမှိုက်ဖမ်း ပိုက်တွေဟာ မီလီမီတာ အနည်းငယ်ပဲ အရွယ်ရှိတဲ့ ပလတ်စတစ် အစလေး တွေကနေ ပလပ်စတစ် အမှိုက် အကြီး တွေအထိ ဖမ်းယူနိုင်မယ်လို့ ဆိုပါတယ်။ စမ်းသပ်မှုမှာ ပင်လယ်ထဲ စွန့်ပစ်ထားတဲ့ ငါးဖမ်းပိုက်ဟောင်း တွေကိုပါ ဖမ်းယူနိုင်တာ တွေ့ရပါတယ်။ 

ကွန်ပြူတာနဲ့ တွက်ချက်မှု အရ ပစိဖိတ် အမှိုက်ပုံကို ရှင်းဖို့ ဒါမျိုး အမှိုက်ဖမ်း စနစ် ၁၀ ခု လိုမယ်လို့ ဆိုပါတယ်။ 

The Ocean Clean Up အဖွဲ့ဟာ ကမ္ဘာပေါ်က သမုဒ္ဒရာ အားလုံးမှာ ဒီအမှိုက်သိမ်း ပိုက်တွေ ဖြန့်ကျက်သွားဖို့ စီစဉ်နေပါတယ်။ အကယ်လို့ လူတွေက ပလတ်စတစ် အမှိုက်တွေကို မြစ်ချောင်းတွေထဲ စွန့်ပစ်တာကို တားဆီးနိုင်မယ် ဆိုရင် သက္ကရာဇ် ၂၀၄၀ မှာ သမုဒ္ဒရာ ထဲက ပလတ်စတစ် အမှိုက် အားလုံးရဲ့ ၉၀% ကို ရှင်းလင်း ပစ်နိုင်မယ်လို့ ဆိုပါတယ်။

ပင်လယ်ထဲက အမိုက် ဖမ်းတဲ့ အိတ် (Credit: The Ocean Cleanup)
အမှိုက်ဖမ်းမယ့် လက်တံက ရေပေါ်ပေါ်နေပါတယ် (Credit: The Ocean Cleanup)
သိမ်းယူ ရရှိတဲ့ အမှိုက်တွေ ((Credit: The Ocean Cleanup))
သိမ်းယူ ရရှိတဲ့ အမှိုက်တွေ (Credit: The Ocean Cleanup)
သိမ်းယူ ရရှိတဲ့ အမှိုက်တွေ (Credit: The Ocean Cleanup)
Advertisement