Skip to content

အီဂျစ် မရဏကျမ်း ပုရပိုက် အပြည့်အစုံ ရှာဖွေတွေ့ရှိ

  • History
Egyptian-book-of-the-dead-Weighing-of-the-Heart

အီဂျစ်နိုင်ငံ ဆက်ကရာ (Saqqara) ဒေသက ရှေးဟောင်း ဂူသင်္ချိုင်း တစ်ခု အတွင်းကနေ တစ်အုပ်လုံး ပြည့်စုံတဲ့ အီဂျစ် မရဏကျမ်း (Egyptian Book of the Dead) ကျူရွက် ပုရပိုက် တစ်စုံကို ရှေးဟောင်း သုတေသန ပညာရှင်တွေ ရှာဖွေ တွေ့ရှိ ခဲ့တယ်လို့ အီဂျစ် ရှေးဟောင်း သုတေသန ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီ တွေ့ရှိမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်း အီဂျစ် မရဏ ကျမ်း နဲ့ ပတ်သက်လို့ ပြီးပြည့်စုံမှု အရှိဆုံး ကျမ်းကို ရှာဖွေ တွေ့ရှိမှု ဖြစ်တယ်လို့ သိရပါတယ်။

ဒီ ကျမ်းကို ပပိုင်းရပ်စ် (papyrus) ကျူရွက် နဲ့ ချုပ်ထားတဲ့ ပုရပိုက် ပေါ်မှာ ရေးထိုးထားတာ ဖြစ်ပါတယ်။ ဒီ ပုရပိုက် ကို ဖြန့်လိုက်မယ် ဆိုရင် အရှည် ၅၂ ပေ (၁၆ မီတာ) တောင်မှ ရှည်တယ်လို့ သတင်း ထုတ်ပြန်ချက်မှာ ဖေါ်ပြ ထားပါတယ်။

ဒီ ပုရပိုက် ရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၂,၀၀၀ ကျော် ရှိပြီလို့ ပညာရှင် တွေက ခန့်မှန်း ကြပါတယ်။ ဒီ ကျမ်းကို ဆက်ကရာ ဒေသက ဂျိုဆာ လှေခါးထစ် ပိရမစ် (Step Pyramid of Djoser) ရဲ့ တောင်ဖက်က ရှေးဟောင်း ဂူသင်္ချိုင်း တစ်ခု အတွင်းကနေ ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဆက်ကရာ ဒေသမှ လှေကားထစ်ပုံ ပိရမစ်ကြီး

ဒီ ပုရပိုက် ထဲမှာ ရေးထိုးထားတဲ့ မရဏကျမ်း ကို အသေးစိတ် ခွဲခြမ်း လေ့လာခြင်း အားဖြင့် ရှေးဟောင်း အီဂျစ် လူမျိုးတွေရဲ့ အသုဘ အခမ်းအနား ထုံးတမ်းစဉ်လာ တွေနဲ့ ပါတ်သက်လို့ ပိုမို သိရှိ လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ဒီ ကျမ်းကို မပျက်စီး ရအောင် ထိမ်းသိမ်း စောင့်ရှောက်မှုတွေ ပြုလုပ် ပြီးစီးပြီလို့လဲ သိရပါတယ်။ လက်ရှိမှာတော့ ဒီကျမ်း ပါ စာတမ်းတွေကို အာရဗီ ဘာသာ (Arabic language) ကို ပြန်ဆိုမှုတွေ ပြုလုပ်နေတာ အတော်လေး ခရီးရောက် နေပြီလို့ ဆိုပါတယ်။ ဒီ ကျေညာချက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အီဂျစ် ရှေးဟောင်း သုတေသီများနေ့ (Egyptian Archaeologists Day) မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အခု တွေ့ရှိမှုဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀ အတွင်း ဆက်ကရာ ဒေသက ရှာဖွေ တွေ့ရှိ ခဲ့သမျှ ထဲမှာ အပြည့်စုံဆုံး ကျူရွက် ပုရပုက် ဖြစ်တယ်လို့ အီဂျစ် ရှေးဟောင်းဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြ ထားပါတယ်။

ဒီ ဆက်ကရာ ဒေသရဲ့ အထင်ရှားဆုံး ဖြစ်တဲ့ ဂျိုဆာ လှေကားထစ် ပိရမစ် ကြီးကို ဘီစီ ၂၆၃၀ ကနေ ၂၆၁၁ အကြား အုပ်စိုးခဲ့တဲ့ အီဂျစ် ဖာရို ဘုရင် ဂျိုဆာ လက်ထက်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီ ပိရမစ်ဟာ အီဂျစ်သမိုင်းမှာ ပထမဆုံး တည်ဆောက်ခဲ့တဲ့ ပိရမစ် ကြီးလဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ ညီညာ တိရိတဲ့ ပိရမစ် တစ်ခု အဖြစ် မတည်ဆောက်နိုင် သေးပဲ​ လှေကားထစ်လို အဆင့် တွေနဲ့ တည်ဆောက် ခဲ့ရတာ ဖြစ်ပါတယ်။

ဒီ ပိရမစ်ကြီးရဲ့ ပတ်ခြာလည်က ရပ်ဝန်းကို လူသေတွေ မြှုပ်နှံဖို့ အသုံးပြု ခဲ့ကြတာ နှစ်ပေါင်း ထောင်ချီ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ အခု ပုရိပိုက်ကို ရှာဖွေ တွေ့ရှိခဲ့ရာ ခေါင်းတလား ဟာဆိုရင်လဲ ဘီစီ ၇၁၂ ကနေ ၃၃၂ အကြား တည်ရှိခဲ့တဲ့ ရှေး အီဂျစ် ခေတ်နှောင်းကာလ (Late Period, 712 BC to 332 BC) တုန်းက ခေါင်းတလား ဖြစ်ပါတယ်။

ဆက်ကရာ ဒေသမှ တူးဖော်ရရှိသော အီဂျစ် ရှေးဟောင်း မံမီရုပ်ကြွင်းများ ထည့်သွင်းထားသည့် ခေါင်းတလားများအား တွေ့ရစဉ်

အီဂျစ် ရှေးသုတေသန ဝန်ကြီးဟောင်း တစ်ဦးဖြစ်သူ ဇာဟီ ဟာဝါစ် (Zahi Hawass) ရဲ့ သတင်းထောက်တွေကို ပြောကြားချက် အရ ဒီ ပုရိပိုက် ကို ဘယ်သူ ပိုင်ဆိုင်ခဲ့ သလဲ ဆိုတာနဲ့ သူ့ရဲ့ သက်တမ်း အတိအကျကို သိပ်မကြာမီ ဆက်လက် ထုတ်ပြန် ကြေငြာ သွားမယ်လို့ သိရပါတယ်။

အီဂျစ် မရဏကျမ်း (The Book of the Dead) ဆိုတဲ့ အမည်ဟာ တကယ်တော့ ခုခေတ်မှ ရှေးဟောင်း သုတေသီ တွေက ပေးထားတဲ့ အမည် ဖြစ်ပါတယ်။ ဒီ မရဏ ကျမ်းဟာ တကယ်တော့ ရှေး အီဂျစ်တွေ သေလွန်ပြီးနောက် တမလွန် ဘဝကို သွားရာလမ်းမှာ ဖြောင့်ဖြောင့်ဖြူးဖြူး ခလုတ်မထိ ဆူးမညိပဲ အရောက် လှမ်းနိုင်ဖို့ လမ်းညွှန် မဏ္ဍာန် တွေကို စုပေါင်းပြီး ခေါ်ဆိုတဲ့ အမည် ဖြစ်ပါတယ်။

ဒီ မရဏ ကျမ်းမှာ ပါတဲ့ မဏ္ဍာန် တွေကို အီဂျစ်နိုင်ငံသစ် ကာလ (New Kingdom, 1550 BC – 1070 BC) ကာလ အတွင်းမှာ အဓိက ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲခဲ့ ကြတာ ဖြစ်ပါတယ်။

ရှေး အီဂျစ် မသာတော် အခမ်း အနား (Credit: Wikipedia)

၅၂ ပေ အရှည်ရှိတဲ့ ကျမ်းဟာ အတော်လေး ရှည်တယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ဒီ အရှည် (သို့) ဒီ့ထက် ပိုရှည်တဲ့ မရဏကျမ်း ပုရပိုက် တွေလဲ ရှိပါသေးတယ်။ အီဂျစ် မရဏကျမ်း ပုရပိုက် တစ်ခုဟာ ဆိုရင် အရှည် ပေ ၉၈ ပေ တောင်မှ ရှိခဲ့တယ်လို့ ပညာရှင် တွေက ဆိုပါတယ်။

အခု မရဏ ကျမ်းဟာ လွန်ခဲ့တဲ့ ဒီ ဆက်ကရာ ဒေသမှာ တစ်နှစ်အတွင်း ဒုတိယ အကြိမ်မြောက် ရှာတွေ့တဲ့ မရဏကျမ်း ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက ဒီ ဒေသကပဲ အရှည် ၁၃ ပေ ရှည်တဲ့ မရဏကျမ်း ပုရပိုက် တစ်စောင် ရှာတွေ့ ခဲ့ပါသေးတယ်။ ဒီ မရဏ ကျမ်းကိုတော့ ဘီစီ ၂၃၂၃ ကနေ ဘီစီ ၂၂၉၁ အကြား စိုးစံခဲ့တဲ့ အီဂျစ်ဖာရို ဘုရင် တက်တီ (pharaoh Teti) ရဲ့ ပိရမစ်ကြီး အနီးက သင်္ချိုင်း တစ်ခုအတွင်း ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ က ရှာတွေ့ခဲ့တဲ့ မရဏ ကျမ်းရဲ့ ပိုင်ရှင်ကိုလဲ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီကျမ်းကို ပွက်ဟဖ် (Pwkhaef) လို့ အမည်ရတဲ့ ရှေး အီဂျစ် လူမျိုး တစ်ဦးက ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

အီဂျစ် မံမီ ရုပ်အလောင်း ထည့်သွင်းထားသော ခေါင်းတလား (Image by RachelBostwick from Pixabay)

ပွက်ဟဖ် ဟာ ဖာရို တက်တီရဲ့ ပိရမစ် အနီးမှာ မြှုပ်နှံထားခဲ့တာ ဖြစ်ပေမယ့် ဘုရင်တက်တီ ကွယ်လွန်ပြီး ရာစုနှစ်ပေါင်း များစွာ အကြာမှာမှ အသက်ရှင် နေထိုင်ခဲ့တာပါ။ သူ့ကို မြှုပ်နှံထားတဲ့ သင်္ချိုင်းဂူ ဟာ အီဂျစ် ၁၈ နဲ့ ၁၉ ဆက်မြောက် မင်းဆက် တွေ လက်ထက်က အသုံးပြု ခဲ့တဲ့ သင်္ချိုင်းဂူ ဖြစ်ပါတယ်။ အဲ့သည် အချိန်က ရှေးမင်းတွေရဲ့ ပိရမစ်တွေ အနီးမှာ မြှုပ်နှံတဲ့ ဒလေ့က အလွန် ခေတ်စားခဲ့ဟန် တူပါတယ်။

အခု တွေ့ရှိမှုကို အီဂျစ် ရှေးဟောင်း သုတေသန ဌာနက ပညာရှင် တွေက ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီ ကျမ်းရဲ့ ဓါတ်ပုံတွေ ကိုတော့ အခုထိ ထုတ်ပြန် ကြေငြာခြင်း မရှိ သေးပါဘူး။ ဒါပေမယ့် ဒီ ကျမ်းကို သိပ်မကြာမီ ကာလမှာ အများပြည်သူ ကြည့်ရှုနိုင်ဖို့ ပြတိုက်မှာ ပြသသွားမယ်လို့ သိရပါတယ်။

သေဆုံးသူ၏ နှလုံးအား နတ်ဘုရား များမှ ငှက်တောင်မွှေးနှင့် ယှဉ်၍ ချိန်တွယ်နေကြစဉ် (Credit: Wikipedia)

Ref: 52-foot-long Book of the Dead papyrus from ancient Egypt discovered at Saqqara | Live Science

Advertisement
LV BET Wazamba Superbet Totalbet Betcris Betcris LV BET LV BET LibraBet LibraBet LibraBet BassBet Cazeus Cazeus Millioner Millioner Millioner Millioner Millioner Betclic OnlySpins Spinsy 7Signs NovaJackpot Sportuna Rollino Casinia BassBet PriBet CrownPlay QuickWin iWild Casino Posido Joker8 Casinoly Betovo CampoBet RTBet Betinia MegaPari Supabets PlanBet Asino LunuBet PariPesa PowBet FreshBet TikiTaka BillyBets WonderLuck Winrolla Betista Slotuna PriBet Juegging Yaass Casino SlotStars SpeedyBet Slingo Prime Casino eBingo PlayJango MegaCasino Betano Herna u Dedka Forbes Casino Sazka Fortuna Slottica SlottyWay SpinBounty Spinamba Bizon Casino Vox Casino Lizaro NV Casino Yep Casino Lemon Casino HotSlots Wazamba Bizon Casino Hit'n'Spin Irwin Casino Legiano Neosurf Vegas Casino SpinCity Casino Spinamba SmokAce Dobre Kasyna BDM Bet Casinia Spinanga GratoWin YaJuego DAZN Bet SpeedyBet Betsson TodoSlots Casino Gran Madrid ZEbet Aupabet eBingo Wanabet StarVegas Sol Casino One Play SynotTip iFortuna Chance Sazka forBET forBET BetX MerkurXtip KingsBet Asino LunuBet PowBet FreshBet TikiTaka BillyBets WonderLuck Winrolla Betista Slotuna ForteBet VeloBet EliteBet BetGuru Wanted Dead or a Wild The Dog House Megaways Buffalo King Megaways Circle of Life Gates of Olympus 1000 Sweet Bonanza 1000 Sugar Rush 1000 Starlight Princess 1000 Dragon Tiger Dragon Tiger Gates of Olympus Gates of Olympus Sugar Rush Sugar Rush Sweet Bonanza Sweet Bonanza Dragon Tiger Dragon Tiger Big Bass Bonanza Book of Dead Book of Dead Big Bass Vegas Double Down Deluxe Sugar Rush Big Bass Hold and Spinner Rainbow Riches Even More Pots of Gold Legacy of Dead Legacy of Dead Book of Dead Book of Dead Fire Joker Auto Roulette Gates of Olympus 1000 Book of Dead Book of Dead Legacy of Dead Book of Ra Magic The Dog House Megaways 5 Lions Megaways 5 Lions Megaways Gates of Olympus Le Bandit Le Bandit Wanted Dead or a Wild Crazy Time Sweet Bonanza 1000 Sweet Bonanza 1000 Chicken Road 2.0 Chicken Road 2.0 Vegas Glitz Vegas Glitz Aviator Sugar Rush Sugar Rush Gates of Olympus Gates of Olympus Sweet Bonanza Sweet Bonanza Wanted Dead or a Wild Circle of Life Buffalo King Megaways Gates of Olympus 1000 Shining Crown Book of Ra Deluxe 6 Gates of Olympus Super Scatter Gates of Olympus Super Scatter Big Bass Bonanza 1000 Gates of Olympus 1000 Mega Fire Blaze Big Circus Sahara Riches Cash Collect Max O Bandido Explosivo O Bandido Explosivo