Skip to content

လကမ္ဘာက မြေသားမှာ အပင်စိုက်ပျိုးအောင်မြင်

လကမ္ဘာက သယ်ယူလာတဲ့ မြေနဲ့စိုက်တဲ့ အပင်

သိပ္ပံ ပညာရှင် များဟာ ပထမဆုံး အနေနဲ့ လ ရဲ့ မြေသားကို အသုံးပြုပြီး အပင်တွေကို အောင်မြင်စွာ စမ်းသပ် စိုက်ပျိုး နိုင်ခဲ့ပါတယ်။ ဒါဟာ လ ပေါ်မှာ လူသားတွေ အခြေချ နေထိုင်နိုင်ဖို့ ကြိုးစားနေ မှုအတွက် အရေးပါတဲ့ အောင်မြင်မှု တစ်ခု ဖြစ်ပါတယ်။

သိပ္ပံ ပညာရှင် တွေဟာ ၁၉၆၉-၁၉၇၂ ခုနှစ် တွေ အတွင်း လပေါ်  ဆင်းသက်ခဲ့တဲ့ အပိုလို စီမံကိန်ုး ကာလ အတွင်းက စုဆောင်း ရရှိ ခဲ့တဲ့ မြေမှုန် တွေကို အသုံးပြုပြီး စားပင် အသေးလေး တွေ စမ်သပ် စိုက်ပျိုး ခဲ့တာ ဖြစ်ပါတယ်။ 

သိပ္ပံ ပညာရှင် တွေဟာ လ မြေသား ကို အသုံးပြုပြီး အစေ့ချ စိုက်ပျိုး ခဲ့ပါတယ်။ ဒီ အစေ့လေး တွေကနေ နှစ်ရက် အတွင် အပင်ပေါက် လေးတွေ ပေါက်လာတဲ့ အခါမှာတော့ သိပ္ပံ ပညာရှင် တွေဟာ အံ့အားသင့် သွားကြ ပါတယ်။

“ကျွန်တော်တို့ ဘယ်လောက်ထိ အံ့ဩ သွားကြ သလဲ ဆိုတာ ပြောပြလို့တောင် မရပါဘူး” လို့ ဒီ သုတေသန မှာ ပါဝင်သူ တစ်ဦး ဖြစ်တဲ့ အန်နာ လီဆာ ပေါလ် (Anna-Lisa Paul) က ပြောပါတယ်။ သူမဟာ ဖလောရီဒါ တက္ကသိုလ် (University of Florida) က ပါမောက္ခ တစ်ဦး ဖြစ်ပါတယ်။

ဒီ သုတေသနကို ဦးဆောင်တဲ့ သုတေသီ နှစ်ဦး။ ဘယ်ဖက် – အန်နာ လီဆာ ပေါလ် (Anna-Lisa Paul)၊ ယာဖက် – ရော့ဘ်ဖါးလ် (Rob Ferl) (Tyler Jones/UF/IFAS)

ဒီလို စိုက်ပျိုးတဲ့ အခါ အချို့ အစေ့ တွေကို ကမ္ဘာမြေသားမှာ အထိန်း (control sample) အနေနဲ့ စိုက်ပျိုးပြီး အချို့ ကိုတော့ လ မြေသားမှာ စိုက်ပျိုး ခဲ့ပါတယ်။ ( Control sample ဆိုတာက စမ်းသပ်တဲ့ အုပ်စုနဲ့ နှိုင်းယှဉ် ကြည့်လို့ ရအောင် သာမန် အခြေအနေမှာ စိုက်ပျိုးတဲ့ သစ်စေ့တွေ ဖြစ်ပါတယ်။)

“အထိန်း အုပ်စု ရော လ မြေသားမှာ စိုက်တဲ့ အုပ်စုရော နှစ်စု လုံးမှာ စိုက်တဲ့ အပင်တွေ အားလုံး ပေါက်လာ ကြပါတယ်။ အုပ်စု နှစ်စု လုံးက အပင်တွေဟာ အသက် ၆ ရက် ပြည့်သည် အထိ ဘာမှ ကွာခြားခြင်း မရှိပဲ ညီညီ ညာညာ ကြီးထွား ဖွံ့ဖြိုး လာခဲ့ ကြပါတယ်” လို့ သူမက ဆက်ရှင်းပြ ပါတယ်။

ဒါပေမယ့် အသက် ၆ ရက် ကျော်သွားပြီး နောက်မှာတော့ ကွာခြားမှုတွေ စတင် တွေ့လာ ရပါတယ်။

၆ ရက် ကျော်ပြီး တဲ့နောက် လ မြေ မှာ စိုက်တဲ့ အပင်တွေဟာ ကြီးထွားနှုန်း နှေးကွေး သွားပါတယ်။ ဒီ့နောက် ကြီးထွားနှုန်း လုံးဝ ရပ်သွားပြီး အပင် ပုလေးတွေ အဖြစ်ကျန် ရစ်ခဲ့ပါတယ်။ 

ဘယ်ဖက်က သဘာဝ မြေသားမှာ စိုက်တဲ့ အပင်တွေ။ ယာဖက်က လမြေသား မှာ စိုက်တဲ့ အပင်တွေ (Tyler Jones/UF/IFAS)

ဒီ လို ဖွံဖြိုးမှု နှေးကွေး သွားတာ ကြုံရ ပေမယ့်လဲ သုတေသီ တွေကတော့ ဒီ စမ်းသပ် အောင်မြင်မှုဟာ အရေးပါတဲ့ အောင်မြင်မှု ဖြစ်တယ် လို့ ဆိုပါတယ်။

အခု သုတေသန ဟာ နာဆာရဲ့ အာကာသထဲ လူသားတွေ စွန့်စား ရှာဖွေ အခြေချ ရေး စီမံကိန်း အတွက် အရေးပါတဲ့ သုတေသန တစ်ခု ဖြစ်ပါတယ်။ ဒီလို ကမ္ဘာ အပြင်မှာ အခြေချ နိုင်ဖို့ဆို လ နဲ့ မားစ် ပေါ်မှာ ရှာတွေ့တဲ့ သံယံဇာတ တွေကို အသုံးပြုပြီး အနာဂါတ် အာကာသ ယာဉ်မှူးတွေ အတွက် အစားအစာတွေ ထုတ်လုပ် ပေးနိုင်ဖို့ လိုအပ်ပါတယ်။

နောက်ပြီး ဒီ သုတေသနဟာ ကမ္ဘာပေါ်က မြေဆီ ချို့တဲ့တဲ့ အရပ် ဒေသတွေမှာ စိုက်ပျိုးတဲ့ အပင်တွေ အသက်ရှင် သန် ကြီးထွားဖို့ လိုအပ်တဲ့ စိုက်ပျိုးရေး နည်းပညာ ဖွံ့ဖြိုး တိုးတက် ရေးအတွက်လဲ အထောက်အကူ ပြုမှာ ဖြစ်ပါတယ်။

အခု သုတေသန အတွက် အဓိက အခက်အခဲ ကတော့ လ မြေသား လုံလောက်မှု မရှိခြင်းပဲ ဖြစ်ပါတယ်။

အပင် တစ်ပင်ကို လ မြေသား ၁ ဂရမ်ပဲ သုံးနိုင်ပါတယ် (Tyler Jones/UF/IFAS)

၁၉၆၉ ကနေ ၁၉၇၂ အထိ ၃ နှစ်တာ ကာလ အတွင်း လကမ္ဘာပေါ် ဆင်းသက်ခဲ့တဲ့ ယာဉ်မှူးတွေဟာ လ ပေါ်က ကျောက်၊ ကျောက်စရစ်ခဲ၊ မြေကြီး နဲ့ ဖုန်မှုန့် ကီလိုဂရမ် ၃၈၂ ကီလို ပြန်လည် သယ်ဆောင် လာခဲ့ ကြပါတယ်။

ဒီ ထဲကမှ ဒီ သုတေသန အတွက် အပင် တစ်ပင်ကို မြေသား ၁ ဂရမ် နှုန်းပဲ ရရှိ ခဲ့တာပါ။ 

အဲ့သည် အချိန်က ရရှိခဲ့တဲ့ မြေသား နမူနာကို အသုံး မပြုပဲ လေလုံတဲ့ ဘူးအတွင်း ထည့်ပိတ် သိမ်းဆည်း ထားခဲ့ ပါတယ်။ အဲ့သည် မြေသား နမူနာ ကို အသုံးပြြ ခု အပင်တွေကို စမ်းသပ် စိုက်ပျိုး ခဲ့တာ ဖြစ်ပါတယ်။

နာဆာဟာ ၂၀၂၅ ခုနှစ်မှာ လပေါ်ကို လူတွေ ပြန်လည် ဆင်းသက်နိုင် အောင် ကြိုးစားလျှက် ရှိကြောင်း သိရပါတယ်။

Ref: Moon soil used to grow plants for first time in breakthrough test | BBC

Advertisement
LV BET Wazamba Superbet Totalbet Betcris Betcris LV BET LV BET LibraBet LibraBet LibraBet BassBet Cazeus Cazeus Millioner Millioner Millioner Millioner Millioner Betclic OnlySpins Spinsy 7Signs NovaJackpot Sportuna Rollino Casinia BassBet PriBet CrownPlay QuickWin iWild Casino Posido Joker8 Casinoly Betovo CampoBet RTBet Betinia MegaPari Supabets PlanBet Asino LunuBet PariPesa PowBet FreshBet TikiTaka BillyBets WonderLuck Winrolla Betista Slotuna PriBet Juegging Yaass Casino SlotStars SpeedyBet Slingo Prime Casino eBingo PlayJango MegaCasino Betano Herna u Dedka Forbes Casino Sazka Fortuna Slottica SlottyWay SpinBounty Spinamba Bizon Casino Vox Casino Lizaro NV Casino Yep Casino Lemon Casino HotSlots Wazamba Bizon Casino Hit'n'Spin Irwin Casino Legiano Neosurf Vegas Casino SpinCity Casino Spinamba SmokAce Dobre Kasyna BDM Bet Casinia Spinanga GratoWin YaJuego DAZN Bet SpeedyBet Betsson TodoSlots Casino Gran Madrid ZEbet Aupabet eBingo Wanabet StarVegas Sol Casino One Play SynotTip iFortuna Chance Sazka forBET forBET BetX MerkurXtip KingsBet Asino LunuBet PowBet FreshBet TikiTaka BillyBets WonderLuck Winrolla Betista Slotuna ForteBet VeloBet EliteBet BetGuru Wanted Dead or a Wild The Dog House Megaways Buffalo King Megaways Circle of Life Gates of Olympus 1000 Sweet Bonanza 1000 Sugar Rush 1000 Starlight Princess 1000 Dragon Tiger Dragon Tiger Gates of Olympus Gates of Olympus Sugar Rush Sugar Rush Sweet Bonanza Sweet Bonanza Dragon Tiger Dragon Tiger Big Bass Bonanza Book of Dead Book of Dead Big Bass Vegas Double Down Deluxe Sugar Rush Big Bass Hold and Spinner Rainbow Riches Even More Pots of Gold Legacy of Dead Legacy of Dead Book of Dead Book of Dead Fire Joker Auto Roulette Gates of Olympus 1000 Book of Dead Book of Dead Legacy of Dead Book of Ra Magic The Dog House Megaways 5 Lions Megaways 5 Lions Megaways Gates of Olympus Le Bandit Le Bandit Wanted Dead or a Wild Crazy Time Sweet Bonanza 1000 Sweet Bonanza 1000 Chicken Road 2.0 Chicken Road 2.0 Vegas Glitz Vegas Glitz Aviator Sugar Rush Sugar Rush Gates of Olympus Gates of Olympus Sweet Bonanza Sweet Bonanza Wanted Dead or a Wild Circle of Life Buffalo King Megaways Gates of Olympus 1000 Shining Crown Book of Ra Deluxe 6 Gates of Olympus Super Scatter Gates of Olympus Super Scatter Big Bass Bonanza 1000 Gates of Olympus 1000 Mega Fire Blaze Big Circus Sahara Riches Cash Collect Max O Bandido Explosivo O Bandido Explosivo