ရန်လိုတဲ့ နယ်ချဲ့ ဂြိုဟ်သားကမ္ဘာ ၄ ခု မစ်ကီးဝေးထဲ ရှိနေနိုင်
ရန်လိုပြီး နယ်ချဲ့ အာသီသ ရှိတဲ့ ဂြိုဟ်သား အသိုက်အဝန်း ၄ ခုခန့်ဟာ မစ်ကီးဝေး ဂလက်ဆီ ကြီးထဲမှာ ရှိနေ နိုင်တယ်လို့ သုတေသန စာတမ်း တစောင်က ခန့်မှန်း တွက်ချက် ထားပါတယ်။ ဒါပေမယ့် ကမ္ဘာဟာ ဂြိုဟ်သားတွေ ကျူးကျော်တိုက်ခိုက် ခံရပြီး ပျက်စီးဖို့ထက် ဥက္ကာပျံ ဝင်တိုက်ပြီး ပျက်စီးဖို့က အဆ ၁၀၀ လောက် ဖြစ်နိုင်ချေ ပိုများတယ်လို့ ဆိုပါတယ်။