Skip to content

မှတ်ဉာဏ် ကောင်းအောင် လုပ်နည်း ၉ နည်း

  • Mind
Girl studying

လူတစ်ယောက် ဘယ်လောက်မှတ်ဉာဏ် ကောင်းတယ် မကောင်းဘူး ဆိုတာ ဦးဏှောက် ဘယ်လောက် ကျန်းမာပြီး ဘယ်လောက် သွက်လက်လဲ ဆိုတာပေါ် အဓိက မူတည်ပါတယ်။

သင်ဟာ အထက်တန်း ကျောင်းသား တစ်ယောက်ပဲ ဖြစ်စေ၊ တက္ကသိုလ်က ဘွဲ့လွန်တက်နေတဲ့ ကျောင်းသားပဲ ဖြစ်စေ၊ အသက်ကြီးလာလို့ မှတ်ဉာဏ် မကောင်းတော့လို့ ဉာဏ်ကောင်ချင် လို့ပဲ ဖြစ်ဖြစ် အောက်ပါနည်းလမ်း တွေဟာ သင့်ဦးဏှောက်ကို ရှင်သန် အားကောင်းစေပြီး သင့်မှတ်ဉာဏ်ကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

နည်းလမ်း (၁)။ ဦးဏှောက်ကို အလုပ်များများ လုပ်ခိုင်းပါ

ဦးဏှောက်ဟာ လူ့ ကြွက်သားတွေလိုပါပဲတဲ့။ သူ့ကို အလုပ်များများ လုပ်ခိုင်းလေ သူက ပိုပြီး ကျန်းမာ သန်စွမ်း လေပါပဲ။ သူ့ကို မခိုင်းပဲ ထားရင် တဖြည်းဖြည်း တုံးသွား တတ်ပါတယ်။ ဒါ့ကြောင့် ဦးဏှောက်ကို အလုပ်များများ လုပ်ခိုင်းပြီး လေ့ကျင့်ခန်း များများ လုပ်ပေးပါတဲ့။ ဘယ်လို လေ့ကျင့်ခန်းမျိုးတွေလဲ ဆိုတော့

(၁) ကိုယ်လုပ်နေကျ ကျွမ်းကျင်တဲ့ အလုပ်မျိုး မဟုတ်တဲ့ အသစ်သင်တာမျိုး လုပ်ပါတဲ့။ ဥပမာ ပုံမဆွဲတတ်ရင် ပုံဆွဲသင်တာမျိုး။ နောက်ဆုံး လွှမတိုက်တတ်ရင်တောင် လွှတိုက်သင်တာမျိုး

(၂) ခက်ခဲတဲ့ အလုပ်မျိုး လုပ်ပေးပါ။ ဥပမာ ဂစ်တာတီး သင်တာဖြစ်ဖြစ်၊ အားစိုက်ပြီး ခက်ခက်ခဲခဲ သင်ရမယ့် ဟာမျိုးပေါ့။

(၃) နည်းနည်းချင်း တဖြည်းဖြည်း ခက်သွားတာမျိုး။ အဖြည်းဖြည်းခြင်း ခက်သွာတဲ့ အတွက် ဦးဏှောက်ကလဲ အလိုက်သင့် တိုးတက်သွားပါတယ်။

(၄) အကျိုးကျေးဇူး ပြနိုင်တာမျိုး။ အကျိုးကျေးဇူး ပြနိုင်တဲ့ အတွက် ဦးဏှောက်ကို ဆက်သင်ဖို့ တွန်းအားပေး တဲ့ အတွက် ဦးဏှောက်အားကောင်းတာ ပိုမြန်ပါတယ်တဲ့။ ဥပမာ အထက်က ပြောခဲ့သလို ဂစ်တာတီး သင်တဲ့ အတွက် သင့်ကောင်မလေးက သဘောကျ နိုင်တယ် ဆို ဒါ အကျိုးကျေးဇူး ပြနိုင်တာပေါ့။

နည်းလမ်း (၂)။ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်မာအောင် လေ့ကျင့်ခန်း လုပ်ပါ။ ချွေးထွက်များတဲ့ အေရိုးဗစ်လို လေ့ကျင့်ခန်းမျိုး လုပ်ရင် ဦးဏှောက်ကို သွေးရောင်တာ များလာပါတယ်။ ဦးဏှောက်က အောက်ဆီဂျင် ရတာများတော့ ပိုအားကောင်းလာ ပါတယ်။ ဒါ့ကြောင့် နောက်တခါ သီချင်းနားထောင်ရင် အိပ်ရာပေါ်မှာ လှဲနားမထောင်ပဲ သီချင်းနဲ့ အတူ ထကလိုက်ပါ။

နည်းလမ်း (၃)။ အိပ်ရေးဝအောင် အိပ်ပါ။ အထူးသဖြင့် တစ်နေ့ကို အနည်းဆုံး ၇ နာရီခွဲ ကနေ ၉ နာရီထိ အိပ်ဖို့ လိုအပ်ပါတယ်။ အိပ်ရေးမဝရင် ဦးဏှောက်က ထုံထိုင်း လာပါတယ်။ အိပ်တဲ့ အခါလဲ အိပချိန် မှန်မှန် အိပ်ဖို့ လိုအပ်ပါတယ်။ မအိပ်ခင် တစ်နာရီ အတွင်း တီဗီကြည့်တာ ဖုန်းပွတ်တာတွေကိုလဲ ရှောင်ကျဉ်ပါတဲ့။ ကော်ဖီ၊ လက်ဖက်ရည် လျော့သောက်ပါ။

နည်းလမ်း (၄)။ သူငယ်ချင်း ပေါင်းအသင်းတွေနဲ့ လျောက်လည်ပါ။ လေ့လာ သုတေသန ပြုချက်တွေ အရ ဒီလို သူငယ်ချင်းတွေနဲ့ လျောက်လည်တာ၊ အတူ ရုပ်ရှင်ကြည့်တာ တွေဟာ စာဖတ်တာတို့၊ ဉာဏ်စမ်းမေးခွန်းတွေ ဖြေတာထက် ပိုပြီး ဦးဏှောက်ကို အားကောင်းစေ ပါတယ်တဲ့။ အထူးသဖြင့် ကိုယ့်မှာ အားကိုးရတဲ့ သူငယ်ချင်းကောင်းတွေ ရှိတဲ့သူတွေဟာ မှတ်ဉာဏ် ပိုကောင်းတတ်ကြပါတယ်တဲ့။

နည်းလမ်း (၅)။ စိတ်ညစ်စိတ်ရှုပ်စရာတွေကို ရှောင်ပါ။ စိတ်ညစ်စရာတွေ များလာရင် ဦးဏှောက်ကို ထိခိုက် နိုင်ပါတယ်။ ဦးဏှောက်ရဲ့ စွမ်းဆောင်ရည်လဲ ကျဆင်းလာပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်လာရင် သူငယ်ချင်းတွေနဲ့ လျောက်လည်ပါ။ ယုံကြည် စိတ်ချရတဲ့ ပေါင်းအသင်း၊ မိဘ စတာတွေကို ရင်ဖွင့်ပါ။ အလုပ်နဲ့ အနားယူမှု မျှတအောင် နေပါ။

Work your brain hard to prevent memory loss

နည်းလမ်း (၆)။ ရီပါ။ ရီပါ။ ရီပါ။ ဟုတ်ပတယ်။ ရီမောခြင်းဟာ သင့်ဦးဏှောက်ကို အားကောင်း စေပါတယ်။ ရီမောခြင်းဟာ ဦးဏှောက်ကိုရော ကိုယ်ခန္ဓာကိုပါ ကျန်းမာစေလို့ မကြာခန ဟာသကား များများ ကြည့်ပေးပါ။

နည်းလမ်း (၇)။ ဦးဏှောက် အားကောင်းစေတဲ့ အစားအစာတွေ များများ စားပါ။

ဘယ်လို အစား အစာတွေလဲ ဆိုတော့

(၁) ပင်လယ်ငါး။ ပင်လယ်ငါးမှာ အိုမီဂါ ၃ ဓါတ်တွေ ပါဝင်ပါတယ်။ ဒီအိုမီဂါ ၃ ဟာ ဦးဏှောက်ကို ကျန်းမာသန်စွမ်း စေပါတယ်။

(၂) ပင်လယ်ငါး မကြိုက်ရင် အခြား အိုမီဂါ ၃ ပါတဲ့ အစာတွေ စားပေးပါ။ အဲတာတွေ ကတော့ အစေ့တွေ (နေကြာစေ့၊ ကွာစေ့၊ ဖရုံစေ့ လိုမျိုး)၊ ပဲအမျိုးမျိုး (မြေပဲလိုမျိုး)၊ ပဲနို့၊ ဟင်းနုနွယ်၊ ဘရိုကိုလီ စတာတွေမှာ အိုမီဂါ ၃ ပါဝင်ပါတယ်။

(၃) အဆီလျော့ စားပါ။ အဆီစားတာများရင် ဦးဏှောက်က သွေးကြောလေးတွေ အဆီပိတ်ပြီး ဦးဏှောက်ဆဲလ် တွေကို ပျက်စီးစေပါတယ်။

(၄) အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် များများ စားပါ။ အထူးသဖြင့် အရောင်ပါတဲ့ အသီးအနှံတွေ စားပေးပါ။ ဥပမာ မုန်လာဥနီ၊ခရမ်းချဉ်သီး။

(၅) လက်ဖက်ရည်ကြမ်း သောက်ပေးပါ။ လက်ဖက်ရည် ကြမ်းဟာ ဦးဏှောက်ကို ကျန်းမ စေနိုင်ပါတယ်တဲ့။
(၆) ဝိုင်သောက်ပေးပါ။ ဘီယာကို ပြောတာ မဟုတ်ဘူးနော်။ စပြစ်ဝိုင်ကို ပြောတာ။ သိပ်လဲ မသောက်နဲ့အုံး။ စပြစ်ဝိုင် တစ်နေ့ တစ်ခွက် ပုံမှန်သောက်ခြင်းက ဦးဏှောက်ကို ကျန်မာ သန်စွမ်း စေပါတယ်တဲ့။

နည်းလမ်း (၈)။ ကိုယ်ကျန်းမာအောင် နေပါ။ ရောဂါဖြစ်လာရင် ဦးဏှောက်ကိုလဲ ထိခိုက် နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ကျန်းမာအောင် နေပါတဲ့။

နည်းလမ်း (၉)။ မှတ်ဉာဏ်ကို အထောက်အကူပြုတဲ့ နည်းလမ်းတွေကို သုံးစွဲပါ။

(၁) စိတ်ပါဝင်စားစွာ ဂရုစိုက်မှတ်သားပါ။ သင်စိတ်မပါရင် သင့်ဦးဏှောက်ကလဲ မမှတ်နိုင် ပါဘူးတဲ့။

(၂) အာရုံ ၆ ပါးကို အသုံးချပါ။ အမြင်၊ အကြား၊ အထိအတွေ့၊ အနံ့၊ အရသာ အားလုံး အသုံးပြုပါတဲ့။ ဥပမာ အသံထွက် ဖတ်တာမျိုးဟာ မှတ်မိပိုလွယ် စေပါတယ်။ ပြန်ချရေးတာမျိုး။

(၃) ကိုယ်သိပြီး တာတွေနဲ့ ဆက်စပ် မှတ်သားပါ။

(၄) သူများကို ပြန်သင်ပေးပါ။ ပြန်ရှင်းပြပါ။

(၅) ခက်ခဲတဲ့ အချက်တွေဆိုရင် အလွတ်မှတ် တာထက် သဘောတရား နားလည်အောင် ကြိုးစားပါ။

(၆) ပြန်လှန်လေ့ကျင့်ပါ။ ရီဟာဆယ် လုပ်ပါ။

(၇) အတိုကောက်တွေ လုပ်ပြီး မှတ်ပါ။ ဥပမာ ကျွန်တော်တို့ ဆယ်တန်းတုန်းက မှတ်သလိုမျိုးပေါ့။

မှတ်ဉာဏ်ကောင်းလာအောင် နေ့ခြင်းညခြင်း လုပ်ယူလို့ မရပါဘူး။ ဒါပေမယ့် အထက်ပါ အချက်တွေကို လိုက်နာမယ် ဆိုရင် သင့်မှတ်ဉာဏ် တဖြည်းဖြည်း သိသာထင်ရှားစွာ ကောင်းလာမှာပါ။

Reference: Helpguide.org | How to improve your memory

Advertisement