Skip to content

ရှားပါးဂေါ်ရီလာ မြောက်ဝံသားပေါက်လေးရဲ့ ရှားပါးဗီဒီယို

အသက် ၇ ရက်သား ရှားပါးဂေါ်ရီလာဗီဒီယို

အနောက်ပိုင်းမြေနိမ့်ဒေသဂေါ်ရီလာ (Western Lowland Gorilla) ဟာအလွန်ရှားပါးပြီး မျိုးတုန်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဂေါ်ရီလာမျိုးနွယ်စုဝင်တစ်မျိုး ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာမှ စုစုပေါင်း ကောင်ရေတစ်သိန်းလောက်ပဲ ရှိပါတယ်။ ဒီဂေါ်ရီလာတွေရဲ့ နေထိုင်ကျက်စားပုံတွေနဲ့ ပါတ်သက်တဲ့ ဓါတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေလဲ သိပ်မရှိလှပါဘူး။ အခုတော ဒီရှားပါးဂေါ်ရီလာသားပေါက်ကလေးရဲ့ ရှားပါးဗီဒီယိုမှတ်တမ်း ပေါ်ထွက်လို့ လာပါပြီ။ ကွန်ဂိုအမျိုးသားဥယာဉ်မှာ မှီတင်းနေထိုင်တဲ့ ဂေါ်ရီလာအုပ်ထဲက မီကုမ်း ( Mekome) ဆိုတဲ့ ဂေါ်ရီလာမိခင်ကနေ မွေးဖွားတဲ့ အသက် ၇ ရက်သာရှိသေးတဲ့ ဂေါ်ရီလာပေါက်စလေးရဲ့ မှတ်တမ်းဗီဒီယိုပဲ ဖြစ်ပါတယ်။ ဒီ ဂေါ်ရီလာကလေးငယ်တွေဟာ သူတို့ရဲ့မိခင်ရင်ခွင်မှာ အသက် ၂ နှစ် ကနေ ၃ နှစ်လောက် ရောင်တဲ့အထိ တွယ်ကပ်ပြီး နေလေ့ရှိပါတယ်။ ဒီဗီဒီယိုမှာလဲ ဂေါ်ရီလာပေါက်စလေးက သူ့အမေရဲ့ ရင်ခွင်ထဲမှာ တွယ်ကပ်ပြီး အမေသွားရာ တကောက်ကောက်ပါအောင် လိုက်နေတာ မြင်ရမှာ ဖြစ်ပါတယ်။

https://youtu.be/AOJ4uK61giE

Advertisement