Skip to content

အလိမ်အညာ App များကို အားပေးနေဟု Apple အားစွပ်စွဲ

အလိမ်အညာ App တွေ အားပေးနေတယ် ဆိုတဲ့ Apple

သုံးစွဲသူများအား လိမ်ညာနေသည့် (တနည်းအားဖြင့် ဂျင်းထည့်နေသည့်) App များကို အားပေးနေသည်ဟု apple iOS အတွက် App များရေးသားနေသည့် developers များက စွပ်စွဲပြောကြားလိုက်ပါသည်။

၎င်းကဲ့သို့ စွပ်စွဲပြောဆိုခံရသော App များမှာ အများအားဖြင့် နာမည်ကြီး App များကို ပုံတူယိုးမှား ပြုလုပ်ထားသော App များ ဖြစ်ကြပါသည်။ ၎င်း App များသည် မူရင်း အစစ်အမှန် app များထံသို့ ရောက်ရှိလာမည့် customers များအား လမ်းလွှဲ ခိုးယူသည့်အပြင် ရံဖန်ရန်ခါလဲ မတန်တဆ ဈေးဖြင့် အပိုဆောင်း လုပ်ဆောင်ချက်များကို လိမ်ညာရောင်းချလေ့ ရှိပါသည်။ ၎င်း App များအနက်မှ အချို့ကို Apple က ကြော်ငြာပေးနေသည်ဟု app developers များက စွပ်စွဲပြောကြားလိုက်ပါသည်။

ဥပမာ အားဖြင့် Apple ၏ သြစတြေးလျ နိုင်ငံအတွက် App Store မှ “Slime relaxations” အမည်ဖြင့် ခေါင်းစဉ်တပ်ပြီး app အချို့ကို အများသိအောင် အရောင်းမြှင့်တင်မှု ပရိုမိုးရှင်း လုပ်ပေးနေသည်ကို တွေ့ရှိရပါသည်။ သို့သော်လဲ အချို့ developers များ၏ အဆိုအရ ၎င်း ပရိုမိုးရှင်းတွင် ဖော်ပြပေးထားသော အချို့သော app များမှာ သုံးစွဲသူ များထံမှ ငွေကြေး အမြောက်အများ တောင်းခံနေသည်ကို တွေ့ရှိရပါသည်။ ၎င်းကဲ့သို့ ငွေကြေးအမြောက်အများ ကျသင့်သော်လဲ ၎င်း app များမှာ ဘာမှ ဟုတ်တိပါတ်တိ မဟုတ်သည်ကို လူအချို့က သတိပြုမိကြပါသည်။

၎င်း developers များက “Jelly: Slime Simulator, ASMR” ကို နမူနာ အနေနှင့် ပြောပြကြပါသည်။ ၎င်း app မှာ ဖွင့်လိုက်လျင် ကြော်ငြာများ အမြောက်အများ တက်လာလေ့ ရှိပြီး ၎င်း ကြော်ငြာများ ဖယ်ရှားရန် အတွက် တစ်ပါတ်လျင် ဒေါ်လာ ၁၃ ဒေါ်လာ ပေးရန် ကောက်ခံပါသည်။ တကယ်တမ်းတွင် ၎င်း app မှာ ဘာမှ ရေရေရာရာ အလုပ်လုပ်ခြင်း မရှိကြောင်းကို ပိုက်ဆံပေးမိသူများက ပြောပြကြပါသည်။

Apple Store ၏ စည်းမျဉ်းစည်းကမ်းများအရ သုံးစွဲသူများထံမှ မတန်တဆ ငွေကြေးကောက်ခံသော app များ၊ ပေးရသည့် ငွေကြေးနှင့် ထိုက်တန်သည့် ဝန်ဆောင်မှုနှင့် functions များ မပါဝင်သော app များကို လက်ခံမည် မဟုတ်ဟု အတိအလင်း ရေးသားထားပါသည်။ သို့သော် အထက်ပါ ဥပမာကို ကြည့်လျှင် ၎င်း စည်းမျဉ်းမှာ အမြဲ တိတိကျကျ ကြပ်မတ်ခြင်း ရှိဟန် မတူကြောင် ထင်ရှားနေပါသည်။

“ပြီးခဲ့သော ဖေဖော်ဝါရီလကလဲ Apple Watch နာရီအတွက် ဂျင်း app တစ်ခု ထွက်လာခဲ့ပါတယ်။ ရီဗြူး အတုတွေနဲ့ နာမည်ကျော်လာ ခဲ့တာပါ။ ဒီကိစ္စ ပေါ်သွားတော့ ဒီ app အဖြုတ်ခံခဲ့ ရပါတယ်” လို့ ဒီ app အကြောင်း စုံစမ်းဖော်ထုတ်ခဲ့သူ Kosta Eleftheriou က ပြောပါသည်။

Apple ကုမ္ပဏီ ဖက်ကတော့ ၎င်း ကဲ့သို့ အတုအယောင် App များအား တွေ့ရှိလျင် ဖယ်ရှားပစ်ကြောင်း ပြောပါတယ်။ ဒါပေမယ့် app developers တွေကတော့ Apple ကိုပြောရတာ အတော်ကြာတယ်လို့ ပြောပါတယ်။ Developer တစ်ယောက်က ပြောတာက သူ့ App ကို တုထားတဲ့ အတုကို တွေ့လို့ Apple ကို အကြောင်းကြားတော့ ဖယ်ရှားပေးဖို့ အချိန် ၁၀ ရက်ကြာခဲ့တယ်လို့ ပြောပါတယ်။ ဒီ app အတုကိုပဲ Google Play Store ကဖယ်ရှားဖို့ အချိန် ၂ ရက်ပဲ ကြာတယ်လို့ ဒီ developer ကဆိုပါတယ်။

ပိုဆိုးတာက ခုနက ဖယ်ရှားလိုက်တဲ့ App ကိုပဲ တုပထားတာတွေ ဖယ်ရှားလိုက်တော့ ပြန်တင်ခွင့် ပြုတာပဲ ဖြစ်ပါတယ်။ ခုနက ဖယ်ပေးဖို့ အကြောင်းကြားချိန်ကနေ ဖယ်ရှားလိုက်ချိန်အထိ စောင့်နေရတဲ့ ကာလမှာ App အစစ်ရဲ့ developer က ငွေ အမြောက်အများနဲ့ သုံးစွဲသူ အများအပြား ဆုံးရှုံးခဲ့ ရပါတယ်။

Apple အတွက်ကတော့ အခုလို သူ့ရဲ့ iOS ပေါ်မှာ ပြင်ပက App Store တွေကို ဖွင့်ပေးဖို့ အဖွဲ့အစည်း ပေါင်းစုံက တရားစွဲတာ ခံနေရချိန်မှာ ဒီလို အဖြစ်မျိုး စွပ်စွဲခံရတာ သိပ်တော့ မကောင်းလှ ဘူးလို့ ဆိုကြပါတယ်။ Apple က ပြင်ပ App Store တွေဟာ လုံခြုံမှု မရှိဘူးလို့ အကြောင်းပြချက် ပေးနေချိန်မှာ သူ့ကိုယ်ပိုင် App Store ပေါ်မှာ အခုလို အလိမ်တွေ၊ အတုတွေ တက်လာတော့ သူ့အကြောင်းပြချက်က ခိုင်လုံမှု မရှိသလို ဖြစ်သွားရတာပါပဲ။

Reference: Developers complain that Apple promotes scam apps on the App Store

Advertisement
Tags: