ဘာ့ကြောင့် အချိန်က အာကာသထဲမှာ ပိုမြန်ရတာလဲ

တောင်ထိပ်မှာ နာရီတစ်လုံးကိုထားလိုက်ဗျာ။ နောက်တစ်လုံးကို ပင်လယ်ရေမျက်နှာပြင်နဲ့ အမြင့်တူတဲ့ ကမ်းခြေ တစ်နေရာမှာ ထားထားလိုက်။ ဒီနှစ်လုံးကို အချိန် တစ်ချိန်ထဲကို တိုက်ထားမယ်ဗျာ။ ပထမတော့ မသိသာဘူးပေါ့။ ဒါပေမယ့် အချိန်ကြာလာ တာနဲ့အမျှ ဒီနာရီ နှစ်လုံးဟာ မတူညီတဲ့ အချိန်နှစ်ခုကို ညွှန်ပြနေတယ် ဆိုတာကို ခင်ဗျားတို့ တွေ့လာရပါလိမ့်မယ်။ ဒါဆို ဘာ့ကြောင့် ဒီလို ဖြစ်ရတာပါလဲ။ ဘာ့ကြောင့်ဖြစ်ရတာလဲ ဆိုရင် ထုံးစံအတိုင်း ဒီခေါင်းစားစရာ ပြဿနာ အားလုံးရဲ့ အရင်းအမြစ်ဖြစ်တဲ့ အိုင်းစတိုင်းနဲ့ သူ့ရဲ့ နှိုင်းယှဉ်ခြင်း နိယာမ (General Theory of Relativity) ဆီကိုပဲ ပြန်သွားရမှာ ဖြစ်ပါတယ်။ အိုင်းစတိုင်းရဲ့ ဒီသီအိုရီ အရ ဒြပ်ထုကြီးမားတဲ့ (ဥပမာ ကမ္ဘာလို၊ နေလို) အရာဝတ္ထုတွေဟာ … Continue reading ဘာ့ကြောင့် အချိန်က အာကာသထဲမှာ ပိုမြန်ရတာလဲ