Skip to content

စကြာဝဠာအား ကွန်ပြူတာပေါ်တွင် တည်ဆောက်ခြင်း

  • Space
ကွန်ပြူတာပေါ် စကြာဝဠာ အတု ပြုလုပ်ပြီး လေ့လာတာဟာ နက္ခတ် ပညာရှင်တွေအတွက် အလွန် တန်ဖိုးရှိတဲ့ နည်းစနစ် တစ်ခု ဖြစ်ပါတယ်

စကြာဝဠာ တစ်ခု ဖြစ်တည်လာ ဖို့ဆိုတာက လွယ်ကူတဲ့ ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး။ မဟာ ပေါက်ကွဲမှု ဖြစ်စဉ်ကနေ ယနေ့ မြင်တွေ့နေ ရတဲ့ စကြာဝဠာ ဖြစ်လာဖို့ ဆိုတာ နှစ် သန်းပေါင်း ၁၃,၈၀၀ ကျော် ကြာပါတယ်။

ဒီတော့ စကြာဝဠာ တစ်ခု ဖြစ်တည်လာ ပုံကို အသေးစိတ် စောင့်ကြည့် လေ့လာဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင် ပါဘူး။ ဒါကြောင့်မို့ နက္ခတ် ပညာရှင် တွေဟာ စကြာဝဠာ တစ်ခု ဖြစ်တည်လာ ပုံကို မျက်မြင် လေ့လာ ချင်တယ် ဆိုရင် ကွန်ပြူတာနဲ့ စကြာဝဠာ ပုံတူကို simulation လုပ်ပြီး ဖန်တီးယူ ကြရပါတယ်။ 

ဒါပေမယ့် ဒီလို စကြာဝဠာ အတု ဖန်တီးဖို ဆိုတာက ထင်သလောက်တော့ မလွယ်ကူပါဘူး။ ဒီ Simulation အတွက် တွက်ချက်မှုပေါင်းများစွာ လိုအပ်တာမို့ သာမန် အိမ်သုံး ကွန်ပြူတာ တွေနဲ့ ဖန်တီးဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ 

ဒါ့ကြောင့် နက္ခတ် ပညာရှင်  တွေဟာ စကြာဝဠာ အတု ဖန်တီးဖို့ အလွန် အားကောင်းတဲ့ ဆူပါကွန်ပြူတာ ကြီးတွေကို အသုံး ပြုပြီး နာရီပေါင်း များစွာ ဖန်တီးယူကြရတာ ဖြစ်ပါတယ်။

စကြာဝဠာ ထဲက Dark Matter ပျံ့နှံ့ပုံကို ကွန်ပြူတာနဲ့ ဖန်တီးထားပုံ Credit: Millenium Simulation Project

ဒီလို ဖန်တီးတဲ့ အခါမှာ စကြာဝဠာ ထဲက ကြယ်တွေ၊ ဂလက်ဆီတွေနဲ့ ဓါတ်ငွေ့ တိမ်တိုက် တွေကြားမှာ ဖြစ်နေတဲ့ ရူပဗေဒ ဖြစ်စဉ်တွေ တင်မကပဲ ဓါတုဗေဒ ဖြစ်စဉ် တွေကိုလဲ ထည့်သွင်း တွက်ချက် ရပါတယ်။ ဥပမာ ကြယ်တွေ ထဲမှာ ဖြစ်နေတဲ့ နျူကလိယ ဓါတ်ပြုမှု ကနေပြီး ယခုထိ ရှာဖွေ နေဆဲ ဖြစ်တဲ့ အမှောင်ဒြပ် (Dark Matter) ရဲ့ ဂုဏ်သတ္တိနဲ့ အားသက်ရောက် မှုတွေကိုပါ ထည့်သွင်းပြီး အသေးစိတ် တွက်ချက် ကြရပါတယ်။

ဒီလို Simulate လုပ်တဲ့ အခါ ဒီလို ရူပဗေဒ နဲ့ ဓါတုဗေဒ ဖြစ်စဉ်တွေ၊ အချက်အလက်တွေ ပါဝင်အောင် ကွန်ပြူတာ ပရိုဂရမ်ကို အသေးစိတ် ရေးကြရ ပါတယ်။ ဒါ့အပြင် ဒီ ပရိုဂရမ် ကို မောင်းနှင်ဖို့ အင်အား အလွန်ကောင်းတဲ့ ဆူပါကွန်ပြူတာ ကြီးတွေလဲ လိုအပ်ပါတယ်။

ဥပမာ ပြရရင် CAMELS (Cosmology and Astrophysics with MachinE Learning Simulations) စီမံကိန်းမှာ အလွန် အားကောင်းတဲ့ ဆူပါ ကွန်ပြူတာကြီးကို သုံးပြီး စကြာဝဠာ အတုပေါင်း ၄,၂၃၃ ခုတောင် ဖန်တီး ယူခဲ့ ကြပါတယ်။

ဒီလို ဖန်တီးယူတဲ့ စကြာဝဠာ အတုတိုင်းဟာ တစ်ခုနဲ့  တစ်ခု ထပ်တူညီမှု မရှိကြပါဘူး။

CAMELS စကြာဝဠာ ဖန်တီးမှု စီမံကိန်းက ထုတ်ပေးလိုက်တဲ့ မတူညီတဲ့ စကြာဝဠာ ပုံစံ အမျိုးမျိုးကို မြင်ရပုံ Credit: F. Villaescusa-Navarro/D. Angles-Alcazar/S. Genel et al

စကြာဝဠာ ဖြစ်တည်လာတဲ့ ဖြစ်စဉ်ကို အတိအကျ မသိကြတဲ့ အတွက် ဒီ စကြာဝဠာ ဖြစ်တည်မှု ဖြစ်စဉ် အပေါ်မှာ လွှမ်းမိုးတယ်လို့ ယူဆရတဲ့ ရူပဗေဒနဲ့ ဓါတုဗေဒ ဖြစ်စဉ်တွေကို စမ်းသပ် ထည့်သွင်းပြီး စကြာဝဠာ အတု ပြုလုပ်ကြတာ ပါ။ ဒီတော့ ကွန်ပြူတာထဲ ထည့်သွင်းလိုက်တဲ့ ဖြစ်စဉ် တွေပေါ် မူတည်ပြီး ရလာတဲ့ စကြာဝဠာ တွေကလဲ ကွဲပြား သွားကြပါတယ်။

ဥပမာ ပြရရင် ခေတ်ဦး စကြာဝဠာ ရဲ့ ပြန့်ကားတဲ့ နှုန်းကို အနည်းငယ် ပြောင်းလိုက်ရုံနဲ့ ထွက်လာတဲ့ စကြာဝဠာ ရဲ့ အသွင်သဏ္ဍာန် ကလဲ ကွဲပြားသွားပါတယ်။

ဒီ စကြာဝဠာ အတု ပြုလုပ်မှုမှာ အချို့ အတုဖန်တီး မှုတွေက dark matter ခေါ် အမှောင်ဒြပ်ရဲ့ သက်ရောက်မှုကို အဓိကထား လေ့လာ ကြပါတယ်။ အချို့ စကြာဝဠာ ဖန်တီးမှု တွေမှာတော့ ကြယ်တွေ နဲ့ ဓါတ်ငွေ့တိမ်တိုက် တွေထဲမှာ ဖြစ်နေတဲ့ ဓါတု ဖြစ်စဉ် တွေကို အသေးစိတ် လေ့လာ ကြပါတယ်။ 

ဒီလိုမျိုး ကွာခြားချက်တွေ ကြောင့်လဲ ရလာတဲ့ စကြာဝဠာ အတု ၄,၂၃၃ ခုဟာ တစ်ခုနဲ့ တစ်ခု မတူညီ ကြတာ ဖြစ်ပါတယ်။

စကြာဝဠာ ဖြစ်တည်ပုံကို ကွန်ပြူတာနဲ့ အတုပြုလုပ် တည်ဆောက်ထားပုံ

ဒီလို အတု ပြုလုပ်မှုက ရလာတဲ့ စကြာဝဠာတွေ တစ်ခုနဲ့ တစ်ခု မတူညီဘူး ဆိုရင် ဘာ့ကြောင့် အတု လုပ်နေရ သေးလဲလို့ မေးစရာ ဖြစ်လာပါတယ်။

ဒီလို စကြာဝဠာ အတုတွေ ပြုလုပ် ဖန်တီး ခြင်းအားဖြင့် အခြေခံ ရူပဗေဒ နဲ့ ဓါတုဗေဒ နိယာမ တွေက စကြာဝဠာရဲ့ ဖြစ်စဉ် အပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိလဲ ဆိုတာကို လက်တွေ့ လေ့လာ နိုင်ပါတယ်။

ဒီ အတုဖန်တီး ထားတဲ့ စကြာဝဠာ တွေနဲ့ ဆိုင်တဲ့ အချက်အလက် တွေနဲ့ ရရှိတဲ့ စကြာဝဠာရဲ့ မြေပုံတွေကို အများပြည်သူ လေ့လာနိုင်အောင် ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်တဆင့် အနေနဲ့ ဒီ အတုပြုလုပ်ထားတဲ့ စကြာဝဠာတွေကို ဉာဏ်ရည်တု AI ကို သင်ကြားပေးတဲ့ နေရာမှာလဲ အသုံးပြုနေ ကြပါတယ်။ ရည်ရွယ်ချက် ကတော့  AI အနေနဲ့ သူ့ကို ထည့်သွင်းပေး လိုက်တဲ့ ရူပဗေဒ နဲ့ ဓါတုဗေဒ သဘာဝ တွေအပေါ် မူတည်ပြီး ဖြစ်လာမယ့် စကြာဝဠာ တွေကို မှန်းဆ ပေးနိုင်ဖို့ ဖြစ်ပါတယ်။

နောက်ပြီး AI ကိုပဲ အသုံးပြုပြီး ဂလက်ဆီ တစ်ခုရဲ့ ပုံပန်းနဲ့ တိုင်းတာရရှိတဲ့ အချက်အလက် တွေကနေ ဒီ ဂလက်ဆီရဲ့ ဒြပ်ထုကို ခန့်မှန်းရာမှာလဲ အသုံးချနိုင်ဖို့ ကြိုးစား နေကြပါတယ်။

ဒီ simulation က ရတဲ့ အချက်အလက်တွေကို ယခုအခါ နက္ခတ် ပညာရှင် တွေက မစ်ကီးဝေး ဂလက်ဆီ နဲ့ ပါတ်သက်လို့ ပိုပြီး သိရှိနားလည်အောင် လေ့လာရာမှာ အသုံးချနေ ကြတယ်လို့ ဆိုပါတယ်။ 

ဒါ့ကြောင့် နက္ခတ် ပညာရှင်တွေ အတွက် Simulation အတု ဖန်တီး မှုတွေဟာ အလွန် အသုံးဝင်တဲ့ နက္ခတ် လေ့လာရေး နည်းလမ်းတွေ ဖြစ်ကြပါတယ်။

စကြာဝဠာ ဖြစ်တည်ပုံကို ကွန်ပြူတာနဲ့ အတုပြုလုပ် တည်ဆောက်ထားပုံ

Reference: How astronomers build the Universe in a computer | BBC Sky and Night Magazine

Advertisement
LV BET Wazamba Superbet Totalbet Betcris Betcris LV BET LV BET LibraBet LibraBet LibraBet BassBet Cazeus Cazeus Millioner Millioner Millioner Millioner Millioner Betclic OnlySpins Spinsy 7Signs NovaJackpot Sportuna Rollino Casinia BassBet PriBet CrownPlay QuickWin iWild Casino Posido Joker8 Casinoly Betovo CampoBet RTBet Betinia MegaPari Supabets PlanBet Asino LunuBet PariPesa PowBet FreshBet TikiTaka BillyBets WonderLuck Winrolla Betista Slotuna PriBet Juegging Yaass Casino SlotStars SpeedyBet Slingo Prime Casino eBingo PlayJango MegaCasino Betano Herna u Dedka Forbes Casino Sazka Fortuna Slottica SlottyWay SpinBounty Spinamba Bizon Casino Vox Casino Lizaro NV Casino Yep Casino Lemon Casino HotSlots Wazamba Bizon Casino Hit'n'Spin Irwin Casino Legiano Neosurf Vegas Casino SpinCity Casino Spinamba SmokAce Dobre Kasyna BDM Bet Casinia Spinanga GratoWin YaJuego DAZN Bet SpeedyBet Betsson TodoSlots Casino Gran Madrid ZEbet Aupabet eBingo Wanabet StarVegas Sol Casino One Play SynotTip iFortuna Chance Sazka forBET forBET BetX MerkurXtip KingsBet Asino LunuBet PowBet FreshBet TikiTaka BillyBets WonderLuck Winrolla Betista Slotuna ForteBet VeloBet EliteBet BetGuru Wanted Dead or a Wild The Dog House Megaways Buffalo King Megaways Circle of Life Gates of Olympus 1000 Sweet Bonanza 1000 Sugar Rush 1000 Starlight Princess 1000 Dragon Tiger Dragon Tiger Gates of Olympus Gates of Olympus Sugar Rush Sugar Rush Sweet Bonanza Sweet Bonanza Dragon Tiger Dragon Tiger Big Bass Bonanza Book of Dead Book of Dead Big Bass Vegas Double Down Deluxe Sugar Rush Big Bass Hold and Spinner Rainbow Riches Even More Pots of Gold Legacy of Dead Legacy of Dead Book of Dead Book of Dead Fire Joker Auto Roulette Gates of Olympus 1000 Book of Dead Book of Dead Legacy of Dead Book of Ra Magic The Dog House Megaways 5 Lions Megaways 5 Lions Megaways Gates of Olympus Le Bandit Le Bandit Wanted Dead or a Wild Crazy Time Sweet Bonanza 1000 Sweet Bonanza 1000 Chicken Road 2.0 Chicken Road 2.0 Vegas Glitz Vegas Glitz Aviator Sugar Rush Sugar Rush Gates of Olympus Gates of Olympus Sweet Bonanza Sweet Bonanza Wanted Dead or a Wild Circle of Life Buffalo King Megaways Gates of Olympus 1000 Shining Crown Book of Ra Deluxe 6 Gates of Olympus Super Scatter Gates of Olympus Super Scatter Big Bass Bonanza 1000 Gates of Olympus 1000 Mega Fire Blaze Big Circus Sahara Riches Cash Collect Max O Bandido Explosivo O Bandido Explosivo