Skip to content

သင့်ကြောင်ဟာ ဘယ်သန်လား ညာသန်လား

ကြောင်လေးတွေ လိုအပ်တာ လုံခြုံမှုနဲ့ ချစ်ခင်ယုယ မှုပါပဲ

ကြောင်လေးတွေ ချစ်စရာ ကောင်းတယ်မဟုတ်လား။ အထူးသဖြင့် သူတို့ လက် (ခြေ) ချောင်း လေးတွေနဲ့ ဟိုပုတ်ဒိပုတ် ကစားရင် ပိုတောင် ချစ်စရာ ကောင်းသေး။ ဒါပေမယ့် ကြောင်လေးတွမှာ သူတို့ အသုံးများတဲ့ လက် ရှိပါတယ်တဲ့။ တနည်းအားဖြင့်တော့ ကြောင်တွေဟာ ဘယ်သန်၊ ညာသန် ရှိပါတယ်တဲ့။

သိပ္ပံ ပညာရှင်များဟာ ဒီအချက်ကို တွေ့ရှိခဲ့တာ သိပ်မကြာလှ သေးပါဘူး။ ကြောင်လေးတွေရဲ့ အမူအကျင့်ကို စောင့်ကြည့်ရင်း အမှတ်မထင် တွေ့ရှိခဲ့ တာပါ။

ကြောင်တွေဟာ လှေခါး ဆင်းရင်ပဲ ဖြစ်ဖြစ်၊ အတားအဆီး တွေကို ကျော်ရာမှာ ပဲဖြစ်ဖြစ်၊ အစာကို လှမ်းယူ ရာမှာပဲ ဖြစ်ဖြစ် သူတို့ ပုံမှန် အသုံးများတဲ့ လက်တဖက် ရှိတတ်ပါတယ်တဲ့။

ကြောင်မတွေဟာ ညာသန်တွေ များပြီး ကြောင်ထီးတွေ ကတော့ ဘယ်သန် များပါတယ်တဲ့။ ဒါဟာ လူတွေမှာ တွေ့ရတဲ့ တွေ့ရှိချက် တွေနဲ့ အတော် တူပါတယ်။ လူတွေမှာ အမျိုးသားတွေမှာ အမျိုး သမီးတွေထက် ဘယ်သန် ပိုတွေ့ရတတ် လို့ပါ။ ဒါဟာ လိင်ပိုင်းဆိုင်ရာ ဟိုမုန်းဓါတ်တွေ မတူညီလို့ လို့ ပညာရှင်တွေက ယူဆပါတယ်။

ခွေးလေးတွေမှာလဲ ဘယ်သန်နဲ့ ညာသန်ဆိုပြီး ရှိကြပါတယ်

ဒိတွေ့ရှိချက်ဟာ အိမ်မွေးကြောင်တွေ စိတ်ဖိဆီးမှု ခံစားရလား ဆိုတာကိုလဲ ခန့်မှန်းနိုင်တဲ့ လမ်းစဖြစ်ပါတယ်။ လူတွမှာတော့ ဘယ်သန်တွေနဲ့ စိတ်ရောဂါ ခံစားရမှု ကြားက ဆက်စပ်မှုကို ပညာရှင်များက တွေ့ရှိထားပါတယ်။ ဒါ့ကြောင့် ကြောင်တွေမှာလဲ ဘယ်သန်၊ ညာသန် ကြည့်ပြီး ကြောက်လေးတွေ ဘယ်လောက် ပျော်ရွှင်လဲ ဆိုတာ ခန့်မှန်းနိုင်မယ်လို့ ဆိုပါတယ်။

ကြောင်တွေမှ ဘယ်သန်၊ ညာသန် ရှိတာ မဟုတ်ပါဘူး။ အခြား တိရိစ္ဆာန် တွေမှာလဲ ဘယ်သန်၊ ညာသန် ရှိပါတယ်တဲ့။ မျောက်တွေ၊ သားပိုက်ကောင်၊ ဝေလငါးတွေနဲ့ အခြား တိရိစ္ဆာန် တွေဟာလဲ ဘယ်သန် ဒါမှမဟုတ် ညာသန် ရှိတတ်ပါတယ်။

ဒီဘယ်သန်ညာသန် ပြဿနာကို အဖြေရှာ နိုင်ဖို့ တိရိစ္ဆာန် အမူအကျင့် ကျွမ်းကျင်သူ ဝဲလ်စ် ဟာ မြောက် အိုင်ယာလန်က အိမ်မွေးကြောင် ၄၄ ကောင်ကို အနီးကပ် စောင့်ကြည့်ခဲ့ပါတယ်။ ၂၀ က ကြောင်မတွေ ဖြစ်ပြီး ၂၄ ကောင်က အထီးတွေပါ။

ဒီ သုတေသနမှာ အဓိက အမူအကျင့် ၃ မျိုးကို စောင့်ကြည့် ခဲ့ပါတယ်။ လှေကား ဆင်းတဲ့အခါ ဘယ်ခြေထောက်နဲ့ အရင် စဆင်းလဲ၊ နောက်ဖေးသွားဖို့ ပုံးထဲဝင်ရင် ဘယ်ခြေထောက်နဲ့ စဝင်လဲ ဆိုတာနဲ့ အိပ်ရင် ဘယ်ဖက် လှဲအိပ်လဲ ဆိုတာတွေကို သတိထား စောင့်ကြည့် ခဲ့ပါတယ်။ ဒီကြောင်တွေရဲ့ လေးပုံ သုံးပုံမှာ သူတို့ ပုံမှန် သုံးလေ့ရှိတဲ့ လက်ရှိတာ တွေ့ရှိခဲ့ပါတယ်။ ကြောင်မတွေက သူတို့ရဲ့ ညာလက်ကို ပိုသုံးတတ် ကြပြီး၊ ကြောင်ထီးတွေ ကတော့ ဘယ်သန်တွေ များပါတယ်တဲ့။

ဒါဆို သင့်ကြောင်ကရော ဘယ်သန်လား၊ ညာသန်လား။ သိချင်ရင် မှတ်စုစာအုပ် တစ်အုပ်မှာ အပေါ်က ပြောတဲ့ အမူအကျင့်တွေမှာ ဘယ်ဖက် လက်ကို ပိုသုံးလဲ နေ့စဉ် မှတ်ထားပါတဲ့။ တစ်လလောက်ဆို သင့်ကြောင် ဘယ်သန်လား၊ ညာသန်လား ပြောနိုင်ပါ လိမ့်မယ်တဲ့။ ဒါပေမယ် ကြောင်တွေရဲ့ လေးပုံ တစ်ပုံ လောက်ကတော ဘယ်ရော၊​ညာရော အသုံးပြနိုင် ကြပါတယ်တဲ့။

Reference: National Geographic | Is your cat left-handed? Here is how to tell.

Advertisement