Skip to content

ထင်ရှားသူတို့ နှုတ်ထွက်စကား (၂)

Famous quotes by Feynman

မှားတယ်ဆိုတာကျောင်းမှာသင်ခဲ့သလို ဆိုးရွားတဲ့အရာတခု မဟုတ်ပါဘူး။

အမှားဆိုတာက သင်ခန်းစာယူစရာ တစ်ခုပါပဲ။

ရစ်ချတ် ဖိုင်းမင်း

ရစ်ချတ်ဖိုင်းမင်း (Prof. Richard Feynman) ကို ရူပဗေဒနယ်ပယ် ပြင်ပက လူတွေ သိပ်မသိကြပါဘူး။ ဒါပေမယ့် ရူပဗေဒ ပညာရှင်တွေ ကြားမှာတော့ သူဟာ အလွန် နာမည်ကျော်ပြီး ဆရာတစ်ဆူ အနေနဲ့ သတ်မှတ်ခြင်း ခံရတဲ့သူ ဖြစ်ပါတယ်။ ရူပဗဒ ပညာရှင်တွေ ကြားမှာ နံပါတ်စဉ် (၇) အနေနဲ့ သတ်မှတ်ခံရသူလဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကွမ်တမ် ရူပဗေဒ နဲ့ ပါတ်သက်ရင် ဆရာ တစ်ဆူအနေနဲ့ သတ်မှတ်ခံခဲ့ ရသူဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းက အဏုမြူဗုံး ထုတ်တဲ့ မန်ဟက်တန် စီမံကိန်းမှာ ပါဝင်ခဲ့သူလဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်က စီမံကိန်းမှာပါတဲ့ ပညာရှင်တွေထဲမှာဆို ဖိုင်းမန်းဟာ အသက်အငယ်ဆုံး ပညာရှင် ဖြစ်ပါတယ်။ဒုတိယ ကမ္ဘာစစ်ကြီး ပြီးတော့ ပရင်စတန်း တက္ကသိုလ်မှာ ပါမောက္ခအဖြစ် ခန့်အပ်ခြင်း ခံရပါတယ်။ အသက်က ငယ်လွန်းတော့ ကျောင်းသူတွေက သူ့ကို ကျောင်းကပွဲတွေမှာ ဘွဲ့လွန်ကျောင်းသား ထင်ကြပါတယ်တဲ့။ သူ့က ပရော်ဖက်ဆာလို့ ပြောတာကို ဘယ်ကျောင်းသူကမှ မယုံကြပါဘူးတဲ့။ဖိုင်းမင်းဟာ ကွမ်တမ် သီအိုရီနဲ့ ပါတ်သက်လို့ နိုဗယ်ဆု ရရှိခဲ့ပါတယ်။

Advertisement