ဥက္ကာပျံကြောင့် လောင်မီးကျပျက်စီးသွားတဲ့ ရှေးဟောင်းမြို့

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၆၀၀ ခန့်က ယခု အရှေ့အလယ်ပိုင်း ဒေသမှာ တည်ရှိခဲ့တဲ့ ရှေးဟောင်း မြို့ကြီး တမြို့ဟာ ရုတ်တရက် ဘေးဆိုးကြီး ကျရောက်ပြီး ပျက်စီးသွားခဲ့ပါတယ်။ ယနေ့ခေတ် ဂျော်ဒန်နိုင်ငံ အတွင်းမှာ တည်ရှိခဲ့တဲ့ ဒီ တောလ်အယ်လ် ဟမ္မမ် မြို့ (ယနေ့ခေတ် အခေါ်) ကြီး ဘယ်လို နေ့ချင်းညချင်း ပျက်စီးခဲ့ရသလဲ ဆိုတာကို ရှေးဟောင်း သုတေသန ပညာရှင်တွေ အဖြေရှာလို့ မရခဲ့ပါဘူး။ ဒါပေမယ့် ဒီ မြို့ပျက်ကြီးရဲ့ အကျွင်းအကျန်တွေကို လွန်ခဲ့တဲ့ ၁၅ နှစ်လုံးလုံး လေ့လာခဲ့တဲ့ ရှေးဟောင်း ပညာရှင်များက ဒီမြို့ကြီး ပျက်စီးရတာ ဥက္ကာပျံကြောင့်လို့ ကြေငြာလိုက်ပါတယ်။ ဒီ သုတေသန အဖွဲ့မှာ ပါဝင်တဲ့ ပညာရှင်တွေဟာ ရှေးဟောင်းသုတေသန … Continue reading ဥက္ကာပျံကြောင့် လောင်မီးကျပျက်စီးသွားတဲ့ ရှေးဟောင်းမြို့