Skip to content

ကမ္ဘာမြေပုံ (World Map Download)

  • Earth

ကျွန်တော်တို့ ​Facebook page မှာ ကမ္ဘာမြေပုံ High Resolution ဘယ်မှာ ရနိုင်မလဲ ဆိုပြီး မကြာခန လာမေးကြပါတယ်။ ပညာရေး အတွက်ပဲ ဖြစ်စေ၊ အလုပ်ကိစ္စ အတွက်ပဲ ဖြစ်စေ၊ ဗဟုသုတ အတွက်ပဲ ဖြစ်စေ ကမ္ဘာ့မြေပုံ လိုချင်သူတွေအတွက် အဆင်ပြေအောင် World map မြေပုံ download လုပ်လို့ရမယ့် link တွေ စုဆောင်း ပေးထားပါတယ်။

အောက်က ပုံတွေက ကိုယ် download လုပ်မယ့် မြေပုံရဲ့ low resolution screen shot ဖြစ်ပါတယ်။ ဒီပုံတွေက resolution မကောင်းပါဘူး။ High resolution မြေပုံ တွေကတော့ ပုံတစ်ပုံခြင်း အောက်မှာ download link ချပေး ထားပါတယ်။ အဲ့ လင့်ကို ထောက်လိုက်ရင် Google Drive က ပုံကို ရောက်သွား ပါလိမ့်မယ်။ လိုချင်တဲ့ ပုံကို ကိုယ့် ကွန်ပြူတာ မှာ ဖြစ်ဖြစ်၊ ဖုန်းမှာ ဖြစ်ဖြစ် သိမ်းထားလို့ ရပါတယ်။

သတိပြု ရမှာက download လုပ်တဲ့ ပုံတွေဟာ PDF file တွေ ဖြစ်ကြတာပါ။ ဒီ PDF file တွေကို ဖုန်းထဲမှာ သိမ်းထားပြီး ကြည့်နိုင်သလို print out လဲ လုပ်လို့ ရပါတယ်။ ပုံကြီးကိုလဲ ချဲ့ကြည့်လို့ရပြီး ဒီလို ပုံကြီး ချဲ့ကြည့်တဲ့ အတွက် resolution မပျက်သွားပါဘူး။

လွန်ခဲ့သော နှစ်သန်း ၃၀၀ က ကမ္ဘာ့မြေပုံ

ကမ္ဘာမြေပုံ (၁)။ နှစ်ရောင်စပ်

World Map မြေပုံ (နှစ်ရောင်စပ်)

ဒီ မြေပုံကတော့ နှစ်ရောင်စပ် မြေပုံ ဖြစ်ပါတယ်။ ဒီမြေပုံမှာ နိုင်ငံတွေ တိုက်တွေ အားလုံးကို အညိုရောင်တစ်မျိုးထဲနဲ့ ချယ်ထားပြီး သမုဒ္ဒရာတွေ အားလုံးကိုတော့ အပြာရောင် ချယ်ထားပါတယ်။

Download


ကမ္ဘာ့မြေပုံ (၂)။ ရောင်စုံမြေပုံ

ကမ္ဘာ့မြေပုံ (ရောင်စုံ)

ရောင်စုံမြေပုံ ဖြစ်ပါတယ်။ နိုင်ငံ တစ်နိုင်ငံချင်းကို အရောင် မတူအောင် ချယ်ထားပါတယ်။ High resolution PDF download လင့်က အောက်မှာ ပေးထားပါတယ်။

Download


ကမ္ဘာ့မြေပုံ (၃)။ ရောင်စုံမြေပုံ

ကမ္ဘာမြေပုံ (ရောင်စုံ)

နောက်ထပ် ရောင်စုံမြေပုံ နောက်တစ်မျိုး ဖြစ်ပါတယ်။ High resolution world map download link က အောက်မှာ ပေးထားပါတယ်။

Download


ကမ္ဘာမြေပုံ (၄)။ နောက်ဆုံး လွတ်လပ်ရေး ရသော နိုင်ငံများထည့်သွင်း ပြင်ဆင်ပြီး မြေပုံ

၂၀၁၁ ဇူလိုင်လ ၉ ရက်နေ့မှာ ဆူဒန် တောင်ပိုင်း ပြည်နယ်ဟာ လွတ်လပ်ရေး ရရှိခဲ့ ပါတယ်။ လွတ်လပ်ရေး ရလာတဲ့ ဆူဒန်တောင်ပိုင်းဟာ Republic of South Sudan ကို တည်ထောင်ခဲ့ပါတယ်။ Republic of South Sudan တစ်နိုင်ငံ တိုးလာတဲ့ အတွက် မြေပုံ အဟောင်းတွေ ခေတ်မမှီတော့ပါဘူး။ ဒါ့ကြောင့် ကမ္ဘာ့ မြေပုံ အသစ်ကို ပြင်ဆင် ရေးဆွဲဖို့ လိုအပ်လာပါတယ်။ အောက်က မြေပုံကတော့ နောက်ဆုံး လွတ်လပ်ရေး ရလာတဲ့ Republic of South Sudan နိုင်ငံ ဖြည့်စွက်ထားပြီးတဲ့ မြေပုံ ဖြစ်ပါတယ်။

ကမ္ဘာ့မြေပုံ အသစ်

High-resolution world map pdf download link က အောက်မှာ ပေးထားပါတယ်။
Download

Advertisement
Tags: