Skip to content

နဂါးပြာမြစ်

  • Earth
Blue Dragon River

မြစ်နာမည်က နဂါးပြာမြစ် (Blue Dragon River) ပါတဲ့။ ပေါ်တူဂီ နိုင်ငံမှာ ရှိတဲ့ မြစ်ကြီး တစ်စင်းပေါ့။ ဘာလို့ နဂါးပြာမြစ်လို့ ခေါ်ကြလဲ ဆိုတော့ ဒီမြစ်ကို ကောင်းကင်က ကြည့်ရင် တရုတ်နဂါးကြီး အမောက်ထောင် နေတဲ့ပုံနဲ့ တူနေလို့ပါတဲ့။ နောက်ပြီး ရေရဲ့ အရောင်ကလဲ ကောင်းကင်က အရောင်ဟပ်တော့ အပြာရောင် သန်းနေတာကြောင့် အပြာရောင် နဂါးကြီး အမောက်ထောင်နေတာနဲ့ တူနေလို့ပါ။

ဒီမြစ်ရဲ့ မူရင်းအမည်က နဂါးပြာဖြစ် မဟုတ်ပါဘူး။ ဒီမြစ်နားက လူတွေကလဲ ဒီမြစ်ကို ထူးထူးခြားခြား မြစ်တစ်စင်းမဖြစ် မမြင်ပါဘူးတဲ့။ သာမန် မြစ်တစ်စင်းပါပဲ။ နဂါးပြာ မြစ်လို့ အမည်တွင်သွားရတဲ့ အဖြစ်ကတော့ ဓါတ်ပုံဆရာ စတိဗ် ရစ်ချတ် (Steve Richard) ရိုက်လိုက်တဲ့ ဓါတ်ပုံ တစ်ပုံကြောင့်ပါ။​ သူရိုက်ခဲ့တဲ့ ဟောဒီဓါတ်ပုံ ကိုမြင်တဲ့သူတွေက မှတ်ချက်ဝိုင်းပေးကြတာကနေပြီး ဒီအမည် တွင်သွားရတာ ဖြစ်ပါတယ်။

ပေါ်တူဂီ နိုင်ငံမှ နဂါးပြာမြစ် (Blue Dragon River)

ပထမတော့ လူတွေက ဒါဟာ ဖိုတိုရှော့နဲ့ ပြုပြင်ထားတဲ့ ပုံတစ်ပုံလို့ ထင်ကြပါတယ်။ နောက်မှ တခြားသူတွေကလဲ အဲ့သည်မြစ်ကို ကောင်းကင်ကတက်ကြည့်ပြီး ဓါတ်ပုံတွေ ရိုက်ကြမှ တကယ်ဆိုတာ သိကြတာပါ။ ဒါတောင် အခုထိ အချို့သူတွေက ဓါတ်ပုံအတု ဆိုပြီး ပြောနေကြတုန်းပါ။ ဒါနဲ့ပါတ်သက်လို့ မူရင်းပုံ ရိုက်ခဲ့တဲ့ ဓါတ်ပုံဆရာက အခုလို ပြောပါတယ်။

တရားဝင် အနေနဲ့ ကျွန်တော်ပြောပါမယ်။ ဒီပုံဟာ အပြင်မှာ တကယ်ရှိတဲ့ နေရာတစ်ခုရဲ့ ပုံအစစ်ဖြစ်ပါတယ်။ ဒီပုံကို ကားဒစ်ဖ် ကနေ ဖာရို ကိုအသွားမှာ လေယာဉ်ပေါ်က ရိုက်ခဲ့တာ ဖြစ်ပါတယ်။​ မြစ်ရေအပြာရောင်ကတော့ ကောင်းကင်ပြာကြီးက အရောင်က မြစ်ရေမှာ လာဟပ်လို့ပါ။ မြစ်ထဲက အဖြူရောင် အဖတ်လေးတွေက ကောင်းကင်က တိမ်တွေပါ။ အရောင်တွေ ဒီလို စိုပြီး ထွက်လာတာကတော့ မူရင် ဖလင်ကို တိုးပစ်ဇ် ဆေးရည်နဲ့ စိမ်ပြီးမှ ပုံကူးလို့ပါ။

စတိဗ် ရစ်ချတ် (Steve Richard)
Advertisement